55. လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
56. ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။
57. သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။
58. ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။
59. ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။
60. သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။-
61. အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-