1. ထိုကာလ၌ရောမနိုင်ငံတစ်ဝန်းလုံးရှိလူဦး ရေစာရင်းကိုယူရန် ကဲသာသြဂုတ္တုဘုရင်သည် အမိန့်ထုတ်ပြန်တော်မူ၏။-
2. ဤလူဦးရေစာရင်းယူခြင်းသည် ရှုရိပြည် ဘုရင်ခံ၊ ကုရေနိလက်ထက်တွင်ပထမဆုံး အကြိမ်ဖြစ်၏။-
3. လူအပေါင်းတို့သည် မှတ်ပုံတင်ရန်မိမိတို့ မြို့ရွာသို့သွားကြ၏။
4-5. ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
6. ဗက်လင်မြို့တွင်ရှိနေကြစဉ်မာရိမျက်နှာမြင် ရန်နေ့လစေ့သဖြင့်သားဦးကိုဖွားမြင်လေ၏။-
30-32. လူမျိုးခြားတို့အားကိုယ်တော်ရှင်၏အလိုတော်ကို ဖော်ပြသောအလင်းဖြစ်စေရန်နှင့်၊ကိုယ်တော်၏လူစုတော်ဖြစ်သောဣသရေလသည်ဂုဏ်အသရေထွန်းလင်းလာစေရန်၊ လူမျိုးအပေါင်းတို့ ရှေ့မှောက်တွင်ကိုယ်တော်ရှင်အသင့်ပြင်ဆင်ထားတော်မူသောကယ်တင်ခြင်းကျေးဇူးကို၊အကျွန်ုပ်သည်ဒိဋ္ဌတွေ့ မြင် ရပါပြီ'' ဟုမြွက်ဆို၏။