လုကာ 19:25-29 Common Language Bible (BCL)

25. လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။-

26. မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။-

27. ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။

28. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။-

29. သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။-

လုကာ 19