22. ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။-
23. လူတို့က `လူသားသည်ဤအရပ်မှာရှိသည်။ ထိုအရပ်မှာရှိသည်' ဟုဆိုသော်လည်းသင်တို့ လိုက်၍မရှာကြနှင့်။-
24. လျှပ်စစ်ပြက်သောအခါလျှပ်စစ်ရောင်သည် မိုးကုတ်စက်ဝိုင်းတစ်ခုမှအခြားတစ်ခုသို့ တိုင်အောင် မိုးကောင်းကင်ကိုထွန်းတောက်စေ သကဲ့သို့ လူသားလောကသို့ကြွလာတော် မူသောနေ့၌ဖြစ်လိမ့်မည်။-
25. သို့ရာတွင်လူသားသည်ပြင်းပြသောဝေဒနာ ကိုလည်းကောင်း၊ ဤခေတ်လူတို့၏ပစ်ပယ် ခြင်းကိုလည်းကောင်းဦးစွာခံရလိမ့်မည်။-
26. နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။-
27. သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။-
28. ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။-
29. သောဒုံမြို့မှလောတထွက်ခွာသွားသောနေ့ ၌ကောင်းကင်မှမီးမိုးရွာ၍ လူခပ်သိမ်းတို့ သေကျေပျက်စီးကြကုန်၏။-
30. လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။''