လုကာ 16:22-26 Common Language Bible (BCL)

22. ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-

23. သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။-

24. သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။

25. ``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

26. ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။-

လုကာ 16