19. ``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
20. သူ၏အိမ်တံခါးအနီးတွင်လာဇရုဆိုသူ ဆင်းရဲသားတစ်ယောက်သည်တုံးလုံးလဲနေ၏။ သူ့မှာတစ်ကိုယ်လုံးအနာစိမ်းများပေါက်လျက် ရှိ၏။ ခွေးတို့သည်လာ၍သူ၏အနာစိမ်းများ ကိုလျက်ကြ၏။-
21. သူသည်သူဌေး၏စားပွဲမှကျသည့်စားနုပ် စားပေါက်များကိုစားရရန်တောင့်တနေတတ်၏။-
22. ထိုနောက်ဆင်းရဲသားသည်သေလွန်သွားသဖြင့် ကောင်းကင်တမန်တို့သည် သူ့အားအာဗြဟံ၏ လက်ယာဘက်တွင်လျောင်းစေရန်သယ်ဆောင်သွား ကြ၏။ သူဌေးသည်လည်းသေလွန်၍သင်္ဂြိုဟ်ခြင်း ကိုခံရ၏။-
23. သူသည်မရဏနိုင်ငံတွင်ဝေဒနာပြင်းစွာခံ နေရသဖြင့် မျှော်ကြည့်လိုက်သောအခါအာဗြဟံ ကိုလည်းကောင်း၊ အာဗြဟံ၏လက်ယာဘက်တွင် လာဇရုကိုလည်းကောင်းမြင်လေ၏။-