17. ထိုအခါသူသည်အမြင်မှန်ရရှိလာသဖြင့်`ငါ့ အဖ၏လုပ်သားအားလုံးပင်ဝစွာစားရကြ၏။ ငါမူကားဤအရပ်တွင်ငတ်ပြတ်လျက်နေပါ ပြီတကား။-
18. ငါထ၍အဖထံသို့သွားပြီးလျှင်`အဖ၊ ကျွန်တော် သည်ဘုရားသခင်ကိုလည်းကောင်း၊ အဖကိုလည်း ကောင်းပြစ်မှားမိပါပြီ။-
19. အဖ၏သားဟူ၍ပင်အခေါ်မခံထိုက်တော့ပါ ဟုငါပြောမည်' ဟူ၍ဆို၏။-
20. ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
21. သားဖြစ်သူက `အဖ၊ ကျွန်တော်သည်ဘုရားသခင် ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိ ပါပြီ။ သို့ဖြစ်၍အဖ၏သားဟူ၍ပင်အခေါ် မခံထိုက်တော့ပါ' ဟုဆို၏။-
22. ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။-