လုကာ 15:11-29 Common Language Bible (BCL)

11. ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။-

12. သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။-

13. ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-

14. ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။-

15. သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။-

16. သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။-

17. ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။-

18. ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။-

19. အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။-

20. ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။-

21. သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။-

22. ဖ​ခင်​က `အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို​အ​မြန် ယူ​ခဲ့​၍​သူ့​အား​ဝတ်​ပေး​ကြ။ သူ​၏​လက်​၌​လက် စွပ်​ကို​ဆင်​ပေး​ကြ။ ဖိ​နပ်​ကို​စီး​ပေး​ကြ။-

23. ဆူ​ဖြိုး​အောင်​ကျွေး​ထား​သည့်​နွား​က​လေး​ကို သတ်​ကြ။ ငါ​တို့​ပျော်​ရွှင်​စွာ​စား​ကြ​ကုန်​အံ့။-

24. ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။

25. ``သို့​ရာ​တွင်​ထို​အ​ချိန်​၌​သား​ကြီး​ဖြစ်​သူ​သည် လယ်​တော​တွင်​ရောက်​ရှိ​နေ​၏။ သူ​ပြန်​လာ​၍​အိမ် အ​နီး​သို့​ရောက်​သော​အ​ခါ​တီး​မှုတ်​သံ​နှင့်​က ခုန်​သံ​ကို​ကြား​ရ​၏။-

26. ထို​အ​ခါ​လုပ်​သား​တစ်​ယောက်​ကို​ခေါ်​၍ `ဤ အ​ခြင်း​အ​ရာ​က​အ​ဘယ်​နည်း' ဟု​မေး​၏။-

27. လုပ်​သား​က `အ​ရှင်​၏​ညီ​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​ရောက်​လာ​သ​ဖြင့် အ​ရှင့်​ဖ​ခင်​သည်​ဆူ​ဖြိုး အောင်​ကျွေး​ထား​သော​နွား​က​လေး​တစ်​ကောင် ကို​သတ်​ပါ​၏' ဟု​ဆို​၏။-

28. သား​ကြီး​သည်​စိတ်​ဆိုး​လျက်​အိမ်​ထဲ​သို့​မ​ဝင် ဘဲ​နေ​၏။ ဖ​ခင်​သည်​အ​ပြင်​သို့​ထွက်​လာ​၍ သား​ကြီး​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖျောင်း​ဖျ​၏။-

29. သား​ကြီး​က `ကျွန်​တော်​သည်​နှစ်​ပေါင်း​များ​စွာ အ​ဖ​၏​အ​စေ​ကို​ခံ​ခဲ့​ပါ​၏။ အ​ဖ​၏​အ​မိန့်​ကို အ​ဘယ်​အ​ခါ​က​မျှ​မ​လွန်​ဆန်​ခဲ့​ဘူး​ပါ။ သို့ ရာ​တွင်​သူ​ငယ်​ချင်း​များ​နှင့်​အ​တူ​ကျွန်​တော် ပျော်​ပွဲ​စား​ရန် အ​ဖ​သည်​အ​ဘယ်​အ​ခါ​က​မျှ ဆိတ်​က​လေး​တစ်​ကောင်​ကို​မျှ​မ​ပေး​ခဲ့​ပါ။-

လုကာ 15