လုကာ 14:31-35 Common Language Bible (BCL)

31. အ​ခြား​တစ်​နည်း​ဆို​သော်၊ အ​ဘယ်​မည်​သော ဘု​ရင်​သည်​အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့်​စစ်​ပြိုင် ရန်​ထွက်​မည်​ပြု​သော​အ​ခါ မိ​မိ​၏​စစ်​သည် တစ်​သောင်း​ဖြင့် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​လာ သော​ဘု​ရင်​အား​ခု​ခံ​နိုင်​ပါ​မည်​လော​ဟု ဦး စွာ​ထိုင်​၍​မ​စဉ်း​စား​ဘဲ​နေ​ပါ​မည်​လော။-

32. အ​ကယ်​၍​မ​ခု​ခံ​နိုင်​ပါ​လျှင်​သူ​သည်​စစ်​ချီ လာ​သော​ဘု​ရင်​အ​ဝေး​၌​ရှိ​နေ​သေး​စဉ် သံ တ​မန်​များ​ကို​စေ​လွှတ်​၍​စစ်​ပြေ​ငြိမ်း​ရေး စ​ကား​ကမ်း​လှမ်း​ရ​ပေ​လိမ့်​မည်။-

33. ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။

34. ``ဆား​သည်​ကောင်း​ပေ​၏။ သို့​ရာ​တွင်​ဆား​မှ အ​ငန်​ကင်း​ပျောက်​လျှင် အ​ဘယ်​သို့​မျှ​ငန်​သော အ​ရ​သာ​ကို​ပြန်​၍​မ​ရ​နိုင်။-

35. လယ်​မြေ​အ​တွက်​သော်​လည်း​ကောင်း၊ မြေ​သြ​ဇာ အ​တွက်​သော်​လည်း​ကောင်း​အ​သုံး​မ​ဝင်​တော့ ပေ။ ထို့​ကြောင့်​ထို​ဆား​ကို​လူ​တို့​စွန့်​ပစ်​လိုက် တတ်​၏။ ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။

လုကာ 14