လုကာ 13:8-13 Common Language Bible (BCL)

8. ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။-

9. နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။

12. သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။-

13. သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။

လုကာ 13