1. ထိုနောက်သူတို့သည်မိမိတို့အိမ်သို့အသီး သီးပြန်သွားကြ၏။ သခင်ယေရှုမူကား သံလွင်တောင်သို့ကြွတော်မူ၏။-
2. နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
3. ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် အမျိုးသမီးတစ်ယောက်ကိုအထံတော်သို့ ခေါ်ခဲ့ကြ၏။ သူသည်မျောက်မထားနေစဉ် အဖမ်းခံရခြင်းဖြစ်၏။ ကျမ်းတတ်ဆရာ များနှင့်ဖာရိရှဲတို့သည်အမျိုးသမီးကို မိမိတို့ရှေ့တွင်ရပ်စေပြီးလျှင်၊-