24. ``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။-
25. အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
26. ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
27. သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
28. ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-