19. အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။-
20. ကျွန်မတို့၏ဘိုးဘေးများသည်ဤတောင် ပေါ်မှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လေ့ ရှိကြပါ၏။ အရှင်တို့ယုဒအမျိုးသားများ ကမူယေရုရှလင်မြို့၌သာ ဘုရားသခင် ကိုဝတ်ပြုကိုးကွယ်ရမည်ဟုဆိုကြပါ၏'' ဟုလျှောက်၏။
21. သခင်ယေရှုက ``အချင်းအမျိုးသမီး၊ ငါ့ စကားကိုယုံလော့။ ဤတောင်ပေါ်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်းခမည်းတော်ကို ဝတ်ပြုကိုးကွယ်ခြင်းမပြုတော့မည့်အချိန် ရောက်ရှိလာပေအံ့။-
22. ရှမာရိလူမျိုးဖြစ်သောသင်တို့သည် မိမိတို့ မသိသည့်ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ငါတို့မူကားငါတို့သိသည့်ဘုရားကိုဝတ် ပြုကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းကျေးဇူးတော်သည် ယုဒအမျိုး သားများထံမှတစ်ဆင့်သက်ရောက်လာသော ကြောင့်ဖြစ်၏။-
23. ဝတ်ပြုကိုးကွယ်သူတို့သည်ခမည်းတော်အား အမှန်စင်စစ်ဖြစ်တော်မူသည့်အတိုင်း ဝိညာဉ် တော်တန်ခိုးအားဖြင့်မှန်ကန်စွာဝတ်ပြုကိုး ကွယ်ရမည့်အချိန်ရောက်လာလိမ့်မည်။ ယခု ပင်ရောက်လျက်ရှိ၏။ ထိုသို့ဝတ်ပြုကိုးကွယ် သူတို့ကိုခမည်းတော်နှစ်သက်တော်မူ၏။-