5. သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
6. အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
7. တစ်ဖန်မွေးဖွားခြင်းကိုခံရကြမည်ဟုငါ ဆိုသည်ကိုမအံ့သြနှင့်။-
8. လေသည်မိမိတိုက်လိုရာသို့တိုက်တတ်၏။ လေ၏ အသံကိုကြားရသော်လည်းအဘယ်အရပ်မှ တိုက်လာသည်ကိုသော်လည်းကောင်း၊ အဘယ်အရပ် သို့တိုက်လိမ့်မည်ကိုသော်လည်းကောင်းမသိနိုင်။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူတိုင်းသည် လည်း ဤနည်းတူပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
9. နိကောဒင်က ``ဤအမှုအရာသည်အဘယ် သို့ဖြစ်နိုင်ပါမည်နည်း'' ဟုလျှောက်၏။
10. သခင်ယေရှုက ``သင်သည်ဣသရေလအမျိုး သားတို့၏ဆရာတစ်ဦးဖြစ်ပါလျက် ဤ အမှုအရာအကြောင်းကိုမသိသလော။-
11. အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။-
12. လောကနှင့်ဆိုင်သောအရာများကိုငါဖော်ပြ သောအခါ၌သင်တို့မယုံကြလျှင် ကောင်းကင် ဘုံနှင့်ဆိုင်သောအရာများကိုဖော်ပြသော အခါ၌ အဘယ်သို့လျှင်သင်တို့ယုံကြည် ကြမည်နည်း။-