8. အခြားတပည့်တော်တို့မူကားကမ်းနှင့်မဝေး ဘဲကိုက်တစ်ရာခန့်သာကွာတော့သဖြင့် ငါး နှင့်ပြည့်နေသောကွန်ကိုဆွဲတင်လျက်လှေ နှင့်အတူလိုက်လာကြ၏။-
9. သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။-
10. သခင်ယေရှုက ``သင်တို့ယခုမိသောငါး အချို့ကိုယူခဲ့လော့'' ဟုမိန့်တော်မူ၏။
11. ရှိမုန်ပေတရုသည်လှေပေါ်သို့တက်၍ငါးကြီး များဖြင့်ပြည့်နေသောပိုက်ကွန်ကိုကုန်းပေါ်သို့ ရောက်အောင်ဆွဲယူလေ၏။ ငါးတစ်ရာ့ငါးဆယ့် သုံးကောင်ကိုမိ၍ ထိုမျှလောက်များပြားသော် လည်းကွန်မှာမစုတ်မပြတ်ချေ။-
12. သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။-
13. သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။
14. သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။