11. (မိမိအားရန်သူ့လက်သို့အပ်နှံမည့်သူကိုသိ တော်မူသောကြောင့် ကိုယ်တော်ကလူတိုင်းစင် ကြယ်သည်မဟုတ်ဟုမိန့်တော်မူသတည်း။)
12. ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။-
13. သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။-
14. ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။-
15. သင်တို့အားငါပြုသကဲ့သို့ သင်တို့အချင်း ချင်းသည်လည်းပြုကြစိမ့်သောငှာစံနမူနာ ကိုငါပြခဲ့ပြီ။-
16. အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။-
17. ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
18. ``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
19. ထိုသို့ဖြစ်ပျက်လာသောအခါ `ငါသည်ငါ ဖြစ်သည်အတိုင်းငါဖြစ်သည်ကို' သင်တို့ ယုံကြည်လာကြစေရန်ယခုကပင်ကြို တင်၍သင်တို့အားငါပြောနှင့်ပြီ။-
20. အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါစေလွှတ်သောသူကိုလက်ခံသူသည်ငါ့ ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် လည်းငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လက်ခံ၏'' ဟုမိန့်တော်မူ၏။
21. ဤသို့မိန့်တော်မူပြီးသောအခါသခင်ယေရှု သည်ပြင်းစွာစိတ်ဒုက္ခရောက်တော်မူ၍ ``အမှန် အကန်သင်တို့အားငါဆိုသည်ကား၊ သင်တို့ အနက်တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့ လက်သို့အပ်နှံလိမ့်မည်'' ဟုပွင့်လင်းစွာမိန့် တော်မူ၏။
22. အဘယ်သူကိုရည်ဆောင်၍မိန့်တော်မူသည် ကိုတပည့်တော်တို့တွေး၍မရနိုင်ကြသဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့် ကြ၏။-
23. ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။-
24. ရှိမုန်ပေတရုက ``ကိုယ်တော်သည်မည်သူ့ကို ဆိုလိုတော်မူပါသနည်း'' ဟုမေးလျှောက် ရန်ထိုတပည့်အားမျက်ရိပ်ပြ၍ခိုင်း၏။