1. ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။-
10-11. လာဇရုကိုအကြောင်းပြု၍ယုဒအမျိုး သားအများပင်ယဇ်ပုရောဟိတ်ကြီးများကို မဆည်းကပ်ကြတော့ဘဲ သခင်ယေရှုကိုယုံ ကြည်ဆည်းကပ်လာကြ၏။ သို့ဖြစ်၍ယဇ်ပု ရောဟိတ်ကြီးတို့သည်လာဇရုကိုလည်း သတ်ရန်ကြံစည်ကြ၏။
12. နောက်တစ်နေ့၌ပသခါပွဲတော်သို့လာ ကြကုန်သောလူပရိသတ်အပေါင်းတို့သည် ယေရုရှလင်မြို့သို့သခင်ယေရှုကြွလာ တော်မည်ဟုကြားသဖြင့်၊-
13. စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။
14-15. ကျမ်းစာတော်တွင်၊``အို ဇိအုန်မြို့၊မကြောက်နှင့်၊ကြည့်လော့၊သင်၏ရှင်ဘုရင်သည်မြည်းကလေးကိုစီးလျက် ကြွလာလေပြီ''ဟုပါရှိသည်နှင့်အညီသခင်ယေရှုသည် မြည်းတစ်ကောင်ကိုတွေ့၍ထိုမြည်းကိုစီး တော်မူ၏။
16. တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
17-18. လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။