ရှင်မာကု 5:1-3 Common Language Bible (BCL)

1. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။-

2. ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-

3. သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။-

27-28. သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။-

ရှင်မာကု 5