28. ``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။-
29. သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။-
30. (ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။)