ရှင်မာကု 15:11-22 Common Language Bible (BCL)

11. ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။-

12. ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။

13. သူ​တို့​က ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ပါ'' ဟု​ပြန်​၍​ဟစ်​အော်​ကြ​၏။

14. ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။

15. ပိ​လတ်​မင်း​သည်​လူ​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို သ​ဖြင့် ဗာ​ရဗ္ဗ​ကို​လွှတ်​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ် ဒဏ်​ခတ်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ရန်​အပ်​လိုက်​၏။

16. စစ်​သား​များ​သည်​ကိုယ်​တော်​ကို​ဘု​ရင်​ခံ​မင်း ၏​အိမ်​တော်​ဝင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တပ်​ခွဲ​တစ်​ခု​လုံး​ကို​စု​ရုံး​စေ​၏။-

17. ထို​နောက်​ကိုယ်​တော်​အား​နီ​မောင်း​သော​အ​ဝတ် ကို​ဝတ်​ဆင်​စေ​၍ ဆူး​ခက်​ဖြင့်​ရက်​သော​သ​ရ​ဖူ ကို​ဆောင်း​ပေး​ပြီး​နောက်၊-

18. ``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။-

19. ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-

20. ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။

21. ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-

22. ထို​နောက်​ကိုယ်​တော်​ကို​ဂေါ​လ​ဂေါ​သ​နာ​မည် တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ဂေါ​လ​ဂေါ​သ​၏​အ​နက်​ကား​ဦး​ခေါင်း​ခွံ အ​ရပ်​ဟူ​၏။-

ရှင်မာကု 15