1. ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်ကျရောက် ရန် နှစ်ရက်မျှအလိုတွင်ယဇ်ပုရောဟိတ်မင်း များနှင့်ကျမ်းတတ်ဆရာများသည် ကိုယ်တော် ကိုတိတ်တဆိတ်ဖမ်းဆီး၍သတ်ရန်နည်း လမ်းရှာကြံလျက်နေကြ၏။-
2. သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာရှိသဖြင့် ပွဲတော်ရက်အတွင်း၌ မဖမ်းဆီးကြနှင့်'' ဟုဆိုကြ၏။
3. သခင်ယေရှုသည်ဗေသနိရွာ၌ အရေပြား ရောဂါစွဲကပ်ဖူးသူရှိမုန်၏အိမ်တွင်ရှိ၍ အစားအစာသုံးဆောင်တော်မူစဉ်အမျိုး သမီးတစ်ယောက်သည် အလွန်အဖိုးထိုက် သောနာဒုဆီမွှေးအစစ်ကျောက်ဖြူဘူး ကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်း လောင်းလေသည်။-
4. လူအချို့တို့သည်ဒေါသထွက်၍ ``အဘယ် ကြောင့်ဆီမွှေးကိုဤသို့အကျိုးမဲ့ဖြုန်းတီး ပါသနည်း။-
5. ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။
35-36. ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။