28. ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
29. ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
30. အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။-
31. ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ ၏စကားတည်လိမ့်မည်။''
32. ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-