28. ``အရှင်သည်ဤအမှုအရာများကိုအဘယ် အခွင့်အာဏာနှင့်ပြုတော်မူပါသနည်း။ ထို အခွင့်အာဏာကိုအရှင့်အားအဘယ်သူအပ် နှင်းပါသနည်း'' ဟုလျှောက်ထားမေးမြန်း ကြ၏။
29. သခင်ယေရှုက ``သင်တို့အားငါတစ်ခုမေးမည်။ သင်တို့ဖြေပြီးမှဤအမှုအရာများကို အဘယ် အခွင့်အာဏာနှင့်ငါပြုသည်ကိုပြောမည်။-
30. ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးသည်မှာဘုရား သခင်၏အခွင့်အာဏာအရလော။ လူတို့၏ အခွင့်အာဏာအရလော၊ ငါ့အားဖြေကြား ကြလော့'' ဟုမိန့်တော်မူ၏။
31. သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟု ငါတို့ဆိုလျှင်ယောဟန်ကိုသင် တို့အဘယ်ကြောင့်မယုံကြည်ကြသနည်းဟု မေးလိမ့်မည်။-