4. သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
5. သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
6. ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။-
7. ထို့အပြင်အာဗြဟံမှဆင်းသက်လာသူအား လုံးတို့သည်အာဗြဟံ၏သားမြေးအစစ် မဟုတ်ပေ။ ဘုရားသခင်က``သင်သည်ဣဇက် အားဖြင့်သာလျှင်သားမြေးများရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။-
8. တစ်နည်းကားသာမန်အားဖြင့်မွေးဖွားသော အာဗြဟံ၏သားမြေးများသည် ဘုရားသခင် ၏သားသမီးများမဟုတ်။ ကိုယ်တော်ကတိတော် အတိုင်းမွေးဖွားလာသူများကိုသာလျှင် အာဗြဟံ၏သားမြေးအစစ်အမှန်များ ဟုခေါ်နိုင်ပေသည်။-
9. ဘုရားသခင်က``အချိန်တန်သောအခါငါလာ ခဲ့မည်။ စာရာသည်သားယောကျာ်းကိုဖွားမြင် လိမ့်မည်'' ဟုအာဗြဟံအားကတိထားတော် မူသတည်း။
10. ထို့အပြင်ရေဗက္က၏သားနှစ်ယောက်တို့သည် ငါ တို့ဘိုးဘေးဣဇာက်နှင့်ရသောသားများဖြစ် ကြ၏။-
13. ကျမ်းစာတော်တွင်``ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏'' ဟုလာသတည်း။
14. သို့ဖြစ်၍ဘုရားသခင်သည်တရားမျှတမှု မရှိဟုဆိုရမည်လော။ အဘယ်နည်းနှင့်မျှ မဆိုနိုင်။-
15. ကိုယ်တော်ကမောရှေအား``ငါကျေးဇူးပြုလို သူကိုကျေးဇူးပြုမည်။ သနားလိုသူကို သနားမည်'' ဟုမိန့်တော်မူ၏။-