ရော​မ 9:1-4 Common Language Bible (BCL)

1. ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ်​၍​မှန် သော​စ​ကား​ကို​ယ​ခု​ငါ​ပြော​၏။ လိမ်​လည် ၍​မ​ပြော။ ငါ​သည်​မှန်​သော​စ​ကား​ကို​ပြော ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​အုပ်​စိုး မှု​ကို​ခံ​သော​ငါ​၏​သြတ္တပ္ပ​စိတ်​က​လည်း သက်​သေ​ခံ​၏။-

2-3. ငါ​၏​စိတ်​နှ​လုံး​သည်​ငါ​၏​အ​မျိုး​သား၊ ငါ ၏​သား​ချင်း​တို့​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​လျက် အ​ခါ​မ​လပ်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​ကို​ခံ စား​လျက်​ရှိ​၏။ သူ​တို့​၏​အ​ကျိုး​ငှာ​ငါ သည်​ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​တော်​မူ ခြင်း​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ မှု​ကို​လည်း​ကောင်း​ခံ​လို​သော​ဆန္ဒ​ရှိ​၏။-

4. သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား သား​များ​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​တော်​မူ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့် ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​များ​ပြု​တော်​မူ​၏။ သူ​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​အပ်​တော်​မူ​၏။ သူ တို့​သည်​မှန်​ကန်​သော​ဝတ်​ပြု​ကိုး​ကွယ်​နည်း နှင့်​က​တိ​တော်​များ​ကို​ခံ​ယူ​ရ​ရှိ​၏။-

11-12. သို့​သော်​သူ​တို့​မ​ဖွား​မီ၊ အ​ဆိုး​အ​ကောင်း​ကို မ​ပြု​မ​ကျင့်​နိုင်​မီ​က​ပင်​လျှင် ဘု​ရား​သ​ခင် သည်​ရေ​ဗက္က​အား``သင်​၏​သား​ကြီး​သည်​သား ငယ်​၏​အ​စေ​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ဘု​ရား​သ​ခင်​ဤ​သို့​မိန့်​တော်​မူ​ခြင်း မှာ​ကိုယ်​တော်​သည် မိ​မိ​အ​ကြံ​အ​စည်​ကို ဖော်​ပြ​ရန်​ဖြစ်​ပေ​သည်။ ယင်း​သို့​ရွေး​ကောက် တော်​မူ​ရာ​၌​အ​ကျင့်​အ​ပေါ်​တွင်​တည်​သည် မ​ဟုတ်၊ ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​ခြင်း အ​ပေါ်​၌​တည်​ပေ​သည်။-

ရော​မ 9