18. ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။-
19. ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။-
20. ဘုရားသခင်သည်ထိုအဖန်ဆင်းခံကမ္ဘာ လောကကိုအနတ္တဖြစ်စေရန်အပြစ်ဒဏ် စီရင်တော်မူ၏။ ထိုသို့ဖြစ်စေခြင်းမှာကမ္ဘာ လောက၏အလိုဆန္ဒကြောင့်မဟုတ်။ ဘုရား သခင်၏စီရင်ဆုံးဖြတ်တော်မူချက်ကြောင့် ဖြစ်၏။ သို့ရာတွင်မျှော်လင့်ချက်ရှိ၏။-
21. ထိုမျှော်လင့်ချက်မှာတစ်နေ့သောအခါ၌ အဖန်ဆင်းခံကမ္ဘာလောကသည်ဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့မှလွတ်မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကိုခံစားခွင့် ရရှိလိမ့်မည်ဖြစ်သည်။-
22. အဖန်ဆင်းခံကမ္ဘာလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့ပြင်းပြသော ဝေဒနာဖြင့် ယခုအချိန်တိုင်အောင်ညည်း တွားလျက်ရှိကြောင်းငါတို့သိကြ၏။-
23. အဖန်ဆင်းခံလောကသာမကဘုရား သခင်၏အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကိုခံယူရရှိသူငါတို့သည်လည်း ဘုရားသခင်၏သားများဖြစ်ခွင့်ကိုလည်းကောင်း၊ ငါတို့ကိုယ်ခန္ဓာတစ်ခုလုံးကယ်တင်ခြင်းခံရ ခွင့်ကိုလည်းကောင်း စောင့်မျှော်ကာညည်းတွား လျက်ရှိကြပေသည်။-
24. အဘယ်ကြောင့်ဆိုသော်ငါတို့သည်မျှော်လင့် ခြင်းအားဖြင့် ကယ်တင်ခြင်းကိုခံရကြသော ကြောင့်ဖြစ်၏။ ငါတို့သည်မိမိတို့မျှော်လင့် သည့်အရာကိုမမြင်နိုင်ကြ။ မြင်နိုင်ကြပါ မူငါတို့၏မျှော်လင့်ခြင်းသည်အကယ်ပင် မျှော်လင့်ခြင်းမဟုတ်။ မြင်ရသောအရာကို အဘယ်သူသည်မျှော်လင့်မည်နည်း။-