ရော​မ 7:1-3 Common Language Bible (BCL)

1. ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ များ​အ​ကြောင်း​ကို​သိ​ထား​သူ​များ​ဖြစ်​၍ ငါ ယ​ခု​ပြော​ဆို​မည့်​အ​ကြောင်း​အ​ရာ​ကို​နား လည်​ကြ​လိမ့်​မည်။ လူ​သည်​အ​သက်​ရှင်​လျက် နေ​သ​မျှ​ကာ​လ​ပတ်​လုံး​တ​ရား​ဥ​ပ​ဒေ များ​၏​အာ​ဏာ​စက်​အောက်​တွင်​ရှိ​၏။-

2. ဥ​ပ​မာ​ပေး​ရ​သော်​အိမ်​ထောင်​သည်​အ​မျိုး သ​မီး​တစ်​ယောက်​သည် မိ​မိ​၏​ခင်​ပွန်း​အ​သက် ရှင်​စဉ်​လက်​ထပ်​ထိမ်း​မြား​ခြင်း​ဆိုင်​ရာ​တ​ရား ဥ​ပ​ဒေ​အောက်​တွင်​နေ​ရ​၏။-

3. သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။-

ရော​မ 7