ရော​မ 16:20-24 Common Language Bible (BCL)

20. ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။

21. ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​တိ​မော​သေ​နှင့်​ယု​ဒ အ​မျိုး​သား​ဖြစ်​ကြ​သူ​လု​ကိ၊ ယာ​သုန်​နှင့်​သော သိ​ပ​တ​ရု​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက် ကြ​၏။

22. ကျွန်ုပ်​တေ​ရ​တိ​သည်​ဤ​စာ​ကို​နှုတ်​တိုက်​လိုက်​၍ ရေး​သား​ခဲ့​ပါ​၏။ ကျွန်ုပ်​က​လည်း​ခ​ရစ်​တော်​အား ဖြင့်​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။

23. ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။-

24. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို သင်​တို့​အား​လုံး​ခံ​စား​ကြ​ရ​ပါ​စေ​သော။ အာ​မင်။

ရော​မ 16