5. လူအချို့တို့ကနေ့ရက်တစ်ရက်သည်အခြား နေ့ရက်ထက်ပို၍အရေးကြီးသည်ဟုယူဆ ကြ၏။ အချို့သောသူတို့ကမူနေ့ရက်များ အားလုံးပင်အတူတူဖြစ်သည်ဟုယူဆ ကြသည်။ သူတို့သည်မည်သို့ပင်ယူဆစေ ကာမူ မိမိတို့မှန်ကန်သည်ဟုစိတ်ချယုံ ကြည်စိတ်ရှိကြရမည်။-
6. နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။-
7. ငါတို့အနက်အဘယ်သူမျှတစ်ကိုယ်တည်း အတွက်သာအသက်မရှင်။ တစ်ကိုယ်တည်း အတွက်သာမသေ။-
8. ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။-
9. အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-