ရော​မ 14:1-3 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။-

2. ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။-

3. မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။-

ရော​မ 14