ရု​သ 3:16-18 Common Language Bible (BCL)

16. သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊-

17. ``သူ​သည်​ကျွန်​မ​အား`မိ​ခင်​ထံ​သို့​လက်​ချည်း သက်​သက်​မ​ပြန်​ရ' ဟု​ဆို​ကာ​ဤ​မု​ယော​စ​ပါး ကို​ပေး​လိုက်​ပါ​သေး​သည်'' ဟု​ပြော​၏။

18. နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။

ရု​သ 3