ယေ​ရ​မိ 7:11-16 Common Language Bible (BCL)

11. ငါ​၏​နာ​မ​ကို​ဆောင်​သော​ဗိ​မာန်​တော်​ကို ဋ္ဌား​ပြ​များ​ပုန်း​အောင်း​ရာ​အ​ရပ်​ဟု​သင် တို့​ထင်​မှတ်​သ​လော။ သင်​တို့​ပြု​သည့်​အ​မှု တို့​ကို​ငါ​မြင်​တော်​မူ​ပြီ​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

12. ``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-

13. သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-

14. သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-

15. ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။

16. ``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-

ယေ​ရ​မိ 7