7. သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
8. ``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။-
9. ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။-