15. မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
16. ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။
17. ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။-
18. ဤအကြောင်းကြောင့်ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အာရှုရိဘုရင် ကိုအပြစ်ဒဏ်ခတ်သည့်နည်းတူနေဗုခဒ် နေဇာမင်းနှင့်သူ၏နိုင်ငံကိုအပြစ်ဒဏ် ခတ်မည်။-