ယေ​ရ​မိ 50:11-14 Common Language Bible (BCL)

11. ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-

12. သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-

13. ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။

14. ``လေး​သ​မား​တို့၊ စစ်​ရေး​စစ်​ရာ​ခင်း​ကျင်း လျက်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ဝိုင်း​ရံ​ကြ လော့။ ဗာ​ဗု​လုန်​မြို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​၏ မြား​ရှိ​သ​မျှ​ကို​ထို​မြို့​ထဲ​သို့​ပစ်​လွှတ် ကြ​လော့။-

ယေ​ရ​မိ 50