ယေ​ရ​မိ 5:13-15 Common Language Bible (BCL)

13. သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-

14. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

15. ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-

ယေ​ရ​မိ 5