12. သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။
13. ထိုနောက်ကာရာ၏သားယောဟနန်နှင့်လက် နက်မချခဲ့သည့်စစ်သူရဲတို့၏ခေါင်းဆောင် များသည် ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊-
14. ဂေဒလိအား``အမ္မုန်ဘုရင်ဗာလိတ်သည်အရှင့် အားလုပ်ကြံရန်အတွက် နာသနိ၏သားဣရှ မေလကိုစေလွှတ်လိုက်ကြောင်းကိုအရှင်မ သိပါသလော'' ဟုမေး၏။ သို့ရာတွင်ဂေ ဒလိသည်ထိုစကားကိုမယုံကြည်ချေ။-
15. ထိုအခါယောဟနန်က``အကျွန်ုပ်အား၊ ဣရှ မေလကိုသွား၍သတ်ခွင့်ပြုပါ။ သတ်သော သူကိုမည်သူမျှသိလိမ့်မည်မဟုတ်ပါ။ သူ့ အားအဘယ်ကြောင့်အရှင့်ကိုသတ်ခွင့်ပေး ရပါမည်နည်း။ ဤသို့ပြုပါမူအရှင့်ထံ သို့လာရောက်စုဝေးနေကြသည့်ယုဒ အမျိုးသားတို့သည် ကွဲလွင့်၍သွားကာ ယုဒပြည်တွင်ကျန်ရစ်သူအပေါင်းတို့ သည် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရကြ ပါလိမ့်မည်'' ဟုတိတ်တဆိတ်လျှောက် ထား၏။