1. တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
2. တပ်မှူးသည်ငါ့အားနှစ်ဦးချင်းတွေ့ဆုံရန် ခေါ်ယူပြီးလျှင်``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်ဤပြည်ကိုဖျက်ဆီးရန်ခြိမ်းခြောက် တော်မူခဲ့သည့်အတိုင်း၊-