4. ဤအဖြစ်အပျက်ကိုယုဒဘုရင်ဇေဒကိ နှင့် စစ်သူရဲကောင်းတို့မြင်လေလျှင်ညဥ့်အခါ မြို့ထဲမှထွက်ပြေးရန်ကြိုးစားကြ၏။ သူ တို့သည်ဥယျာဉ်တော်လမ်းဖြင့်မြို့ရိုးနှစ်ခု ကြားရှိတံခါးမှထွက်၍ ယော်ဒန်ချိုင့်ဝှမ်း သို့ရှေ့ရှုထွက်ပြေးကြလေသည်။-
5. သို့ရာတွင်ဗာဗုလုန်တပ်မတော်သည် သူ တို့အားလိုက်လံဖမ်းဆီးရာယေရိခေါ လွင်ပြင်အနီးတွင်ဇေဒကိကိုရမိကြ၏။ ထိုနောက်သူ့ကိုဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့ သို့ခေါ်ဆောင်သွားကြ၏။ ထိုမြို့တွင်နေဗု ခဒ်နေဇာသည်ဇေဒကိအပေါ်၌စီရင် ချက်ချတော်မူ၏။-
6. ရိဗလမြို့၌ပင်ဗာဗုလုန်ဘုရင်သည်ဇေဒ ကိ၏မျက်မှောက်တွင် သူ၏သားတော်တို့ကို ကွပ်မျက်စေလေသည်။ သူသည်ယုဒမှူးမတ် များကိုလည်းသတ်စေ၍၊-