17. ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
18. ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
19. ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
20. အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။