ယေ​ရ​မိ 36:22-30 Common Language Bible (BCL)

22. ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-

23. ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-

24. သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-

25. ဧ​လ​နာ​သန်၊ ဒေ​လာ​ယ​နှင့်​ဂေ​မ​ရိ​တို့ သည်​မင်း​ကြီး​အား ထို​စာ​လိပ်​ကို​မီး​မ​ရှို့ ရန်​လျှောက်​ထား​တောင်း​ပန်​ကြ​သော်​လည်း မင်း​ကြီး​သည်​သူ​တို့​၏​ပန်​ကြား​ချက်​ကို နား​မ​ထောင်​ချေ။-

26. ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။

27. ဗာ​ရုတ်​အား​ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​စာ​လိပ် ကို​မင်း​ကြီး​မီး​ရှို့​လိုက်​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-

28. ``သင်​သည်​အ​ခြား​စာ​လိပ်​တစ်​ခု​ကို​ယူ​၍ ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့်​စာ​လိပ်​တွင် ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ်​၍ ထား​လော့။-

29. ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-

30. သို့​ဖြစ်​၍​သင်​၏​သား​မြေး​များ​သည်​အ​ဘယ် အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​၌ မင်း​အ​ဖြစ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။ သင်​၏​အ​လောင်း ကို​လည်း​နေ့​အ​ခါ​နေ​ပူ​၍​ညဥ့်​အ​ခါ ဆီး နှင်း​ထိ​ရာ​အ​ရပ်​တွင်​ပစ်​ထုတ်​ထား​ကြ လိမ့်​မည်။-

ယေ​ရ​မိ 36