ယေ​ရ​မိ 35:6-10 Common Language Bible (BCL)

6. သို့​ရာ​တွင်​ထို​သူ​တို့​က``ရေ​ခပ်​၏​သား၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ယော​န​ဒပ် က​အ​ကျွန်ုပ်​တို့​သည်​သား​စဉ်​မြေး​ဆက် အ ဘယ်​အ​ခါ​၌​မျှ​စ​ပျစ်​ရည်​ကို​မ​သောက် ရန်​ပ​ညတ်​ခဲ့​သည်​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​စ​ပျစ်​ရည်​မ​သောက်​ကြ​ပါ။-

7. သူ​သည်​အ​ကျွန်ုပ်​တို့​အား​အိမ်​များ​ကို​မ ဆောက်​ကြ​ရန်​နှင့် လယ်​များ​ကို​မ​လုပ်​ကြ ရန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​များ ကို​မ​စိုက်​မ​ပျိုး၊ မ​ဝယ်​မ​ယူ​ကြ​ရန်​သော် လည်း​ကောင်း​မှာ​ကြား​ထား​ပါ​သေး​၏။ အ ကျွန်ုပ်​တို့​သည်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့် နေ​ထိုင်​ရာ​ပြည်​တွင် ဆက်​လက်​နေ​ထိုင်​နိုင် ကြ​မည့်​အ​ကြောင်း​တဲ​ရှင်​များ​တွင်​သာ နေ​ကြ​ရန်​ကို​လည်း​မိန့်​မှာ​ခဲ့​ပါ​၏။-

8. အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​ရေ​ခပ် ၏​သား​ယော​န​ဒပ်​၏​ညွှန်​ကြား​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ကိုယ်​တိုင်​နှင့်​အ​ကျွန်ုပ်​တို့​၏​ဇ​နီး၊ သား​သ​မီး များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​အ​ခါ​မျှ မ​သောက်​ကြ​ပါ။-

9. အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ရန်​အိမ်​များ ကို​မ​ဆောက်​မ​လုပ်​ကြ​ပါ။ စ​ပျစ်​ဥ​ယျာဉ်​များ၊ လယ်​ယာ​များ​သို့​မ​ဟုတ်​ဂျုံ​စ​ပါး​များ​ကို လည်း​မ​ပိုင်​ကြ​ပါ။-

10. အ​ကျွန်ုပ်​တို့​သည်​တဲ​ရှင်​များ​တွင်​နေ​ထိုင် ကြ​ပါ​သည်။ မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ် ၏​ပ​ညတ်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ခဲ့​ကြ​ပါ ပြီ။-

ယေ​ရ​မိ 35