ယေ​ရ​မိ 35:1-2 Common Language Bible (BCL)

1. ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-

2. ``သင်​သည်​ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့ ထံ​သို့​သွား​၍​စ​ကား​စ​မြည်​ပြော​ပြီး​လျှင် သူ​တို့​အား​ဗိ​မာန်​တော်​အ​ခန်း​တစ်​ခု​သို့ ခေါ်​ဆောင်​ကာ​စ​ပျစ်​ရည်​ကို​တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

12-13. ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​များ​ထံ​သို့​စေ​လွှတ်​၍​သူ​တို့ အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ညွှန် ကြား​ချက်​များ​ကို​မ​လိုက်​နာ​ကြ​ပါ သ​နည်း​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မေး​၏။-

ယေ​ရ​မိ 35