ယေ​ရ​မိ 32:18-21 Common Language Bible (BCL)

18. ကိုယ်​တော်​ရှင်​သည်​ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ တော်​မူ​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အား မိ​မိ​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​များ အ​တွက်​ဒဏ်​ခတ်​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော် ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး​တော် နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​၏။-

19. ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​၍ ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည်​ကြီး​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင် သည်​လူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​တွေ့ မြင်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​မိ​မိ​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​များ​ကို လိုက်​၍​ဆု​ချ​တော်​မူ​ပါ​၏။-

20. အီ​ဂျစ်​ပြည်​တွင်​ကိုယ်​တော်​ရှင်​သည်​အံ့​သြ ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သည့်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​တော်​မူ​ပါ​၏။ ယ​နေ့​တိုင် အောင်​ပင်​ထို​အ​မှု​အ​ရာ​များ​ကို​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​တွင်​လည်း​ကောင်း၊ လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း​ဆက် လက်​၍​ပြ​တော်​မူ​လျက်​ရှိ​သ​ဖြင့် ကိုယ် တော်​ရှင်​၏​သ​တင်း​တော်​သည်​အရပ်​ရပ် သို့​ပျံ့​နှံ့​၍​ရှိ​ပါ​၏။-

21. ရန်​သူ​များ​အား​ကြောက်​လန့်​တုန်​လှုပ်​၍ သွား​စေ​သည့်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ဖြင့် ကိုယ်​တော်​ရှင် သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​စွမ်း​အား​တို့ ကို​အ​သုံး​ပြု​၍ ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။-

ယေ​ရ​မိ 32