13. ငါသည်ထိုသူအားလုံးတို့၏ရှေ့၌ဗာရုတ် အား၊-
14. ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားကသင့် အား`ဤချိပ်တံဆိပ်ခတ်နှိပ်ထားသည့်မြေ ဝယ်စာချုပ်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထား သည့်စာချုပ်တို့ကိုယူ၍ နှစ်ပေါင်းများစွာ မပျက်မစီးဘဲရှိစေရန်မြေအိုးထဲတွင် ထည့်ထားရမည်ဟုမိန့်တော်မူလေပြီ။-
15. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။
16. ငါသည်မြေဝယ်စာချုပ်ကိုနေရိ၏သား ဗာရုတ်အားပေးအပ်လိုက်ပြီးနောက်၊ ထာဝရဘုရားထံဆုတောင်း၏။-
17. ``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-