6. မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။အမျိုးသားသည်သားဖွား၍ရနိုင်သလော။သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
7. ထိတ်လန့်ဖွယ်ကောင်းသည့်နေ့ရက်ကာလသည် ကျရောက်လာလိမ့်မည်။အခြားအဘယ်နေ့ရက်ကိုမျှထိုနေ့ရက်နှင့် နှိုင်းယှဉ်၍မရ။ထိုနေ့ရက်သည်ယာကုပ်အမျိုးဆင်းရဲဒုက္ခ ရောက်ရကြမည့်နေ့ရက်ဖြစ်၏။သို့ရာတွင်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ထို နေ့ရက်ကာလကျရောက်လာသောအခါ ငါသည်ထိုသူတို့၏လည်ဂုတ်ပေါ်မှထမ်း ပိုးကိုချိုးကာ သူတို့အားချည်နှောင်ထား သည့်သံကြိုးများကိုဖယ်ရှားပစ်မည်။ သူ တို့သည်နိုင်ငံခြားသားတို့ထံတွင်ကျွန်ခံ ရကြတော့မည်မဟုတ်။-
9. မိမိတို့၏ဘုရားသခင်ငါထာဝရဘုရား၏ အမှုတော်ကိုလည်းကောင်း၊ သူတို့၏ဘုရင် အဖြစ်ငါခန့်ထားမည့်ဒါဝိဒ်မင်းဆက်၏ အမှုတော်ကိုလည်းကောင်းထမ်းဆောင်ရကြ လိမ့်မည်။