ယေ​ရ​မိ 29:22-24-25 Common Language Bible (BCL)

22. ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-

23. ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။

24-25. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နေ​ဟေ​လံ ရွာ​သား​ရှေ​မာ​ယ​အား​ပြော​ကြား​ရန်​ငါ့​အား စေ​ခိုင်း​တော်​မူ​၏။ သူ​သည်​မိ​မိ​ကိုယ်​တိုင်​လက် မှတ်​ရေး​ထိုး​၍ ယေရု​ရှ​လင်​မြို့​သား​အ​ပေါင်း တို့​ထံ​သို့​စာ​ရေး​သား​ပေး​ပို့​ခဲ့​၏။ ယဇ်​ပု​ရော ဟိတ်​မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​နှင့်​အ​ခြား ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့ ရှေ​မာ​ယ​ရေး သော​စာ​တွင်၊-

ယေ​ရ​မိ 29