14. ငါမူကားသင်တို့၏လက်တွင်း၌ရှိ၏။ သင်တို့ ၏စိတ်တွင်မှန်သည်၊ တရားသည်ဟုထင်မှတ် သည့်အတိုင်းငါ့အားပြုလော့။-
15. သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
16. ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
17. ထိုနောက်မြို့မိမြို့ဖအချို့တို့သည်ထ၍ စုဝေးလျက်ရှိသောပရိသတ်အား၊-
18. ``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊`ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက်ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။