35. သင်တို့အဖို့ချမ်းသာရရန်လမ်းရှိလိမ့်မည် မဟုတ်။
36-37. သင်တို့သည်ညည်းတွားအော်ဟစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည်သူတို့၏နိုင်ငံများကို အမျက်တော် ဖြင့်ဖျက်ဆီးကာသူတို့၏ငြိမ်းချမ်းသာ ယာသည့်ပြည်ကိုယိုယွင်းပျက်စီးလျက် နေစေတော်မူလေပြီ။
38. ခြင်္သေ့သည်မိမိ၏ဂူကိုစွန့်ပစ်သကဲ့သို့ ထာဝရဘုရားသည်မိမိလူမျိုးတော်အား စွန့်ပစ်တော်မူလေပြီ။ ကြောက်မက်ဖွယ်ကောင်း သည့်စစ်မက်အန္တရာယ်နှင့်ထာဝရဘုရား ၏အမျက်တော်ကြောင့် သူတို့၏ပြည်သည် သဲကန္တာရအဖြစ်သို့ပြောင်းလဲသွားလေ ပြီ။