ယေ​ရ​မိ 2:34-37 Common Language Bible (BCL)

34. ဖောက်​ထွင်း​ခိုး​ယူ​မှု​အ​တွက်​သင်​တို့​ဖမ်း​မ​မိ သော်​လည်း ထို​ဆင်း​ရဲ​သား​များ၊ အ​ပြစ်​မဲ့​သူ များ​၏​သွေး​နှင့် သင်​တို့​၏​အ​ဝတ်​များ​သည် စွန်း​ကွက်​လျက်​ရှိ​၏။``သို့​ပါ​လျက်

35. `ငါ့​တွင်​အ​ပြစ်​မ​ရှိ၊ ထာ​ဝ​ရ​ဘုရား​သည်​အ​မှန် ပင် ငါ့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ပြီ​ဟု' ဆို ချင်​သည်။ သို့​သော်​သင်​က​မိ​မိ​အ​ပြစ်​မ​ကူး လွန်​ပါ​ဟု​ငြင်း​ဆို​သ​ဖြင့် ငါ​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။-

36. သင်​တို့​သည်​အ​ခြား​နိုင်​ငံ​ဘု​ရား​များ​ဆည်း ကပ်​သော​အား​ဖြင့်၊ မိ​မိ​ကိုယ်​ကို​တန်​ဖိုး​ကျ စေ​သည့်​အာ​ရှု​ရိ​ပြည်​သည်​သင့်​အား​အ​ကူ အ​ညီ​ပေး​ရန်​ပျက်​ကွက်​သ​ကဲ့​သို့ အီ​ဂျစ် ပြည်​သည်​လည်း​ပျက်​ကွက်​လိမ့်​မည်။-

37. သင်​သည်​အ​ရှက်​ကွဲ​လျက်​ခေါင်း​ငိုက်​စိုက်​နှင့် အီ​ဂျစ်​ပြည်​မှ​ပြန်​လာ​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သင်​အား​ကိုး​သူ​တို့​ကို​ပစ်​ပယ် တော်​မူ​ပြီ။ သူ​တို့​ထံ​မှ​သင်​သည်​အ​ဘယ် အ​ကျိုး​ကို​မျှ​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။''

ယေ​ရ​မိ 2